(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊  ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

 

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

 

မိုးလေဝသအ‌ခြေအနေ။      တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

အမြင်တာ ။  (၅)မိုင်။

 

ရေပြင်လေ။     အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။      

 

လှိုင်းအ‌ခြေအနေ။    လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

 

လှိုင်းအမြင့်။   (၃)ပေမှ (၆)ပေခန့်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

 

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

 

မိုးလေဝသအ‌ခြေအနေ။    အများအားဖြင့် သာယာမည်။

 

အမြင်တာ ။   (၅)မိုင်။

 

ရေပြင်လေ။   မြောက်(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ  မိုင်(၂၀)။ 

       

လှိုင်းအ‌ခြေအနေ။            လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

 

လှိုင်းအမြင့်။                    (၃)ပေမှ (၆)ပေခန့်။

 

Crd-မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန