၁၆ နိုဝင်ဘာ
ကိုဗစ်-၁၉ ရောဂါပိုးရှိသူတစ်ဉီးနှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် သီးခြားခွဲ၍ နေထိုင်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။
ဘောရစ်ဂျွန်ဆင်က နိုဝင်ဘာလ ၁၅ ရက်တွင် တွစ်တာလူမှုကွန်ရက်၌ ထိုသို့ ရေးသားခဲ့ခြင်းဖြစ်သည်။
ရောဂါလက္ခဏာများ မတွေ့ရသော်လည်း စည်းကမ်းလိုက်နာသောအားဖြင့် သီးခြားခွဲနေထိုင် မည်ဖြစ်ပြီး တာဝန်များကို နေအိမ်မှ ဆက်လက်ထမ်းဆောင်မည်ဟု ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အပတ်က ၎င်း၏ အနီးကပ်ဖြစ်သည့် လက်ထောက်နှစ်ယောက် နုတ်ထွက်သွားပြီးနောက် ကစဉ့်ကလျားအခြေအနေ ဖြစ်ပေါ်လျက်ရှိသည်။
ဗြိတိန်ဝန်ကြီးချုပ်ရုံး၌ အာဏာပြိုင်ဆိုင်မှုများ ဖြစ်ပေါ်နေသည်ဆိုသော သတင်းများထွက်ပေါ်နေစဉ် ၄င်းတို့နှစ်ဦးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ဗြိတိန်နှင့်ဥရောပသမဂ္ဂတို့ကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်နှင့် အခြားကိစ္စရပ်များ ဆွေးနွေးမှုက ယခုအပတ်တွင် အရေးကြီးသော အဆင့်သို့ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ရသည်။
ဘောရစ်ဂျွန်ဆင်သည် ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်က ဗြိတိန်နိုင်ငံတွင် မြန်ဆန်စွာ ပျံ့နှံ့လျက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်သည့် ရောဂါများကြောင့် နေ့စဉ်သေဆုံးသည့် အရေအတွက်မှာ ၆၀၀ နီးပါး ရောက်ရှိလာခဲ့သည်။
လန်ဒန်နှင့် ဗြိတိန်နိုင်ငံရှိ ကျန်ရှိသောဒေသများတွင် တင်းကျပ်သော ကန့်သတ်ချက်များ ချမှတ်ထားလျက်ရှိသည်။
ယခုနှစ်အစောပိုင်း၌လည်း ဘောရစ်ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်။
၎င်း၏ အခြေအနေမှာ ဆိုးရွားသဖြင့် ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုပေးခဲ့ရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်