ထီးလင်း ၁၆ နိုဝင်ဘာ
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကြက်ခြေနီအသင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေ့ခါမှော် မြေပြိုမှု၌ ထီးလင်းမြို့နယ် သရခါကျေးရွာမှ မတော်တဆ သေဆုံး/ ဒဏ်ရာရသူများအား ထောက်ပံ့ငွေများကို ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ထီးလင်းမြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးလှဆွေ၊ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကောင်းမြတ်မင်းနှင့်အဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏တာဝန် ပေးအပ်ချက်အရ ထီးလင်းမြို့နယ် သရခါ ကျေးရွာမှ ဒဏ်ရာရသူ (၁)ဦးအား ထောက်ပံ့ငွေ ကျပ် (၆)သိန်းကို ကာယကံရှင်အား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး နှစ်သိမ့်အားပေးခဲ့ကြကြောင်း ထီးလင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ သိရသည်။
အောင်စည်(ပြန်/ဆက်)


