မာန်အောင် ၁၆ နိုဝင်ဘာ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မာန်အောင်စာတိုက်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ယင်းအဆောက်အအုံရုံးသစ်ရှေ့၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးနှင့် စာတိုက်မှူး ဒေါ်မမလေး(မြန်မာ့စာတိုက်လုပ်ငန်း)တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာတိုက်ရုံးကို၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၂၅သိန်းဖြင့် သိန်းဓနအောင် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံမှာ အလျား၂၅ပေ၊ အနံ၂၀ပေ၊ အမြင့်၁၁ပေ၊ သွပ်မိုး၊ အကာအုတ်နံရံ၊ ကွန်ကရစ်ခင်း တစ်ထပ်အဆောက်အဦးဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)


