ဟားခါး ၁၆ နိုဝင်ဘာ

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ် သမဝါယမဦးစီးဌာန၏ တင်ဒါဖွင့်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နိုဝင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်သမဝါယမ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ထို့နောက် ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက တင်ဒါစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် အိတ်ဖွင့်တင်ဒါရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်သမဝါယမဦးစီးဌာန၏ ဝန်ထမ်းအိမ်ယာ တည်ဆောက်ခြင်း၊ မြေထိန်းနံနံတည်ဆောက်ခြင်း၊ ရေမြောင်း၊ ကျောက်ဆည်ရေမြောင်း တည်ဆောက်ခြင်း၊ ရုံးဝန်းပတ်လည်ခြံစည်းရိုးကာရံခြင်းနှင့် ရုံးမျက်နှာကျက်လဲလှယ်ခြင်းအပါအဝင် ကျပ်သန်း(၁၀၀)အထက်လုပ်ငန်း(၁)ခုနှင့် ကျပ်သန်း(၁၀၀)အောက်လုပ်ငန်း(၆)ခု စုစုပေါင်း လုပ်ငန်း(၇)ခုကို တင်ဒါလာရောက် တင်သွင်းလျှောက်ထားသည့် ကုမ္ပဏီပေါင်း (၃၄)ခုရှိကြောင်းနှင့် အိတ်ဖွင့်တင်ဒါရွေးချယ်ရာတွင် တင်ဒါစည်းကမ်းချက်များနှင့်ကိုက်ညီမှု ရှိသူများသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးထံမှ သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)