ဝန်းသို  ၁၆  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဘုံချောင်းကျေးရွာတွင် NEP စီမံကိန်း၊ မဟာဓါတ်အားလိုင်းပြင်ပ( Off Grid ) Solar Home System ဖြင့် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်လျှက်ရှိရာ အသုံးပြုသူနေအိမ်များသို့ SHS ဆိုလာစနစ်များ တပ်ဆင်နေမှုများအား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ မီးလင်းရေး တာဝန်ခံ အင်ဂျင်နီယာ ဒေါ်အိမွန်ဟိန်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်(၁၁)နာရီ က အဆိုပါ ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

mdn

 

အဆိုပါ ဘုံချောင်းကျေးရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းဆောင် ရွက်ရာ၌ Solar 60 W အသုံးပြုသူ(၁၂)ဦး၊ Solar 100 W  အသုံးပြု (၂၅)ဦးကို ဆိုလာစနစ် များတပ်ဆင်ပေးလျှက်ရှိရာ အဆိုပါ ဆိုလာစနစ်တွင် Solar 60W ကိုပြည်သူထည့်ဝင်ငွေ ငါးသောင်း၊ Solar 100 W အတွက် ပြည်သူထည့်ဝင်ငွေ တစ်သိန်းခွဲ အချိုးကျထည့်ဝင်မှုဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အများနှင့်ဆိုင်သော ကျန်းမာရေးအဆောက်အဦး(၁)ခု၊ ပညာရေး အဆောက်အဦး(၁)ခု၊ ဘာသာရေးကျောင်းများဖြစ်သော ဘုန်းတော်ကြီးကျောင်းနှင့် ခရစ္စယာန် ကျောင်း၊ လမ်းမီးတိုင်(၅)တိုင်တို့ကို စီမံကိန်းမှ အခမဲ့တပ်ဆင် ပေးမည်ဖြစ်ကြောင်း မြို့နယ်ဦး စီးမှူးက‌ ပြောကြားသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တစ်အိမ်သုံးဆိုလာများ စနစ်တကျတပ်ဆင်နေမှုများအား ကြည့်ရှု စစ်ဆေးကာ လိုအပ်ချက်များအပေါ် ဆွေးနွေးမှာကြားခဲ့ပြီး စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် ဘာသာရေး အဆောက်အဦများ တပ်ဆင်ရာတွင် စနစ်တကျတပ်ဆင်နိုင်ရေး ကျေးရွာ    မီးလင်းရေး ကော်မတီ၊ တပ်ဆင်ရေးအဖွဲ့၊ ရွာအုပ်ချုပ်ရေးအဖွဲ့များတို့အား ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

 

မွှေးကြူဇင်