ဝေါ ၁၆ နိုဝင်ဘာ
ဝေါမြို့နယ်တွင် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားကြရန် အသိပညာပေး လှုပ်ရှားမှုကို နိုဝင်ဘာလ (၁၆)ရက် နံနက်၇နာရီက ဝေါမြို့ဘူတာလမ်းဆုံ၊ အရှေ့ဘက် ကမ်းမင်းလမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝေါမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့နှင့်ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဝေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်း(Mask) များ မဖြစ်မနေတပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များကို အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခဲ့ပြီး (Mask) မရှိသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်ဆက်)


