တနိုင်း နိုဝင်ဘာ  ၁၆        

                               

ကချင်ပြည်နယ် ၊မြစ်ကြီးနားခရိုင်၊တနိုင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား  အိမ်ထောင်စု (၇၇၅၄)စုတို့အတွက် နိုင်ငံတော်မှ   တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀ဝ၀ဝ)စီကို ယနေ့နံနက် (၆)နာရီမှစ၍   ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများ၊ ရာအိမ်မှူးများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ ဆင်မ်ဆာ့ရပ်ကွက်၊ ဟူးကောင်းရပ်ကွက်၊ ဒူးကောင်းရပ်ကွက်၊ မုန်ဒိန်ရပ်ကွက်၊ ပုန်ခုန်းရပ်ကွက်၊ ဆွတ်ငိုင်ရပ်ကွက်၊ ကင်ဆားရာရပ်ကွက်၊ တနိုင်းမြို့နယ်အတွင်းရှိ တိန်ကောက်ကျေးရွာ၊ နမ်ဖျက်ယန်ကျေးရွာ၊ ကောင်ရာကျေးရွာ၊ မကောကျေးရွာ၊ ရှင်လုံဂါးကျေးရွာ၊ မိုင်းခွန်ကျေးရွာ၊ ခလုံးကျေးရွာ၊ တရုံကျေးရွာ၊ ရှင်ဗွေယန်မြို့ပေါ်ရပ်ကွက် ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၄)ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၇၇၅၄)စုအတွက် တစ်စုလျှင် ငွေကျပ်(၂၀ဝ၀ဝ)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၁၅၅၀၈၀ဝ၀ဝ)အား ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် ယနေ့နံနက်ပိုင်းမှစ၍ စာသင်ကျောင်းများ၊ဘုန်း‌တော်ကြီးကျောင်း‌နေရာများ၌ ပြည်သူများထံသို့ လက်ဝယ်အရောက်‌ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)