ကန်ပိုက်တီ  ၁၆  နိုဝင်ဘာ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ ကိုဗစ်- ၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်မြောက်အဖြစ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ ထောက်ပံ့ငွေများကို မြို့အုပ်ချုပ်ရေးမှူးဦးမင်းမင်းလတ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နှင့် ဝေါ့ချုံးကျေးရွာအုပ်စုအတွင်း ပုံမှန် ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု စုစုပေါင်း (၁၃၉)စုအတွက် တစ်အိမ်ထောင်လျှင် (၂၀ဝ၀ဝ)နှုန်း ဖြင့် စုစုပေါင်းငွေကျပ် (၂၇၈၀ဝ၀ဝ) ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

 

 ဇယ်ဇောင်း(ပြန်/ဆက်)