ဟားခါး ၁၆ နိုဝင်ဘာ

 

ဟားခါးမြို့တွင်း ရေဖြန့်ဝေပေးသည့် ဂါလန် (၄)သိန်းဆံ့ ရေစစ်ကန်သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၁၆ရက်က ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ရေစစ်ကန်သန့်ရှင်းရေး ပြန်လည်ဆောင်ရွက်ပေးရာတွင် ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေကန်အတွင်းရှိ နုန်းသဲများခပ်ထုတ်ပေးခြင်း၊ ရေကန်သန့်ရှင်းအောင် ဆေးကြောခြင်း အပါအဝင် ပြည်သူများ သောက်သုံးရေ သန့်ရှင်းစွာ အသုံးပြုနိုင်ရန်အတွက် ရေစစ်ကန် သန့်ရှင်းရေးကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါရေစစ်ကန်ကို ဟားခါးမြို့တွင်းရှိ ရပ်ကွက်အားလုံးတွင် သန့်ရှင်းသည့် သောက်သုံးရေ ဖြန့်ဝေပေးသည့် ရေစစ်ကန်ကြီးဖြစ်ကြောင်း၊ ဟားခါးမြို့ သီးမစ်ချောင်းမှ ရေများကို အဆိုပါရေစစ်ကန်တွင် ရေသန့်စင်စေပြီး မြို့ပေါ်ရပ်ကွက်များကို ဖြန့်ဝေခြင်း ဖြစ်ကြောင်း၊ အဆိုပါရေစစ်ကန်သည် ဂါလန်(၄)သိန့်ဆံ့ကြောင်း ဟားခါးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)