သံတောင်ကြီး ၁၆ နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသောအ‌ခြခံလူတန်းစားများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက သံတောင် ကြီး မြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက်တွင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ သံတောင်ကြီးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်းက ဒေသခံပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။

 

သံတောင်ကြီးမြို့အတွင်း ပုံမှန်ဝင်ငွေမရှိသော အ‌ခြေခံလူတန်းစားအိမ်ထောင်စုများမှာ ရပ်ကွက်(၁)တွင် အိမ်ထောင်စု (၅၂၆)စု အတွက် ထောက်ပံ့ငွေကျပ် ၁၀၅၂၀၀၀၀၊   ရပ်ကွက် (၂)တွင် အိမ်ထောင်စု (၂၁၄)စုအတွက် ထောက်ပံ့ငွေကျပ် ၄၂၈၀၀၀၀၊ ရပ် ကွက်(၃) တွင် အိမ်ထောင် စု(၄၄၄)စုအတွက် ထောက်ပံ့ငွေကျပ်(၈၈၈၀၀၀၀)၊   ရပ်ကွက်(၄)တွင် အိမ်ထောင်စု(၁၄၈)စုအတွက် ထောက်ပံ့‌ငွေကျပ် (၂၉၆၀၀၀၀)၊    ရပ်ကွက်(၅)တွင် အိမ်ထောင်စု(၂၇)စု အတွက် ထောက်ပံ့ငွေကျပ် (၅၄၀၀၀၀)ကို   အမျိုးသားလွှတ်တော် ဒေါ်နော်ခရစ္စထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်