၁၆ နိုဝင်ဘာ
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအသစ် ၃၀၅၄၈ ဉီးရှိခဲ့ပြီး တနင်္လာနေ့အတွင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း ၈၈၄၅၁၂၇ ဉီးရှိခဲ့ပြီး စံချိန်တင် ကူးစက်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံး ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရသည်။
တနင်္ဂနွေနေ့ နံနက်ပိုင်း အတွင်းက ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ၄၃၅ ဉီးရှိခဲ့ပြီး နိုင်ငံတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၁၃၀၀၇၀ ဉီးရှိကြောင်း အဆိုပါ ဝန်ကြီးဌာနက ထပ်မံထုတ်ပြန်ခဲ့သည်။
နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၄၆၅၄၇၈ ဉီး ကျန်ရှိနေသေးသော်လည်း လူပေါင်း ၈၂၄၉၅၇၉ မှာ အခြေအနေ ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်သည်။
ပြီးခဲ့သည့်ရက် အနည်းငယ် အတွင်းက ဒေလီ၌ ကိုဗစ်-၁၉ ဖြစ်ပွားမှု များပြားလာခြင်းကြောင့် အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့ရသည်။
ဒေလီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူပေါင်း ၄၈၅၄၀၅ ဉီးရှိခဲ့ပြီး ၇၆၁၄ ဉီး သေဆုံးခဲ့သည်။
အိန္ဒိယအစိုးရက ကိုဗစ်-၁၉ စစ်ဆေးသည့် နေရာများကို နိုင်ငံအဝန်း ထပ်မံတိုးချဲ့သွားရန် စီစဉ်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်