၁၆ နိုဝင်ဘာ
ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းတွေဟာ နောက် လေး၊ ငါးလအထိ ရှိသွားမယ်လို့ စီးပွားရေးဝန်ကြီးက တနင်္ဂနွေနေ့က သတိပေးလိုက်ပါတယ်။
နိုင်ငံမှာ ပိုးတွေ့ရှိသူ အလွန်များနေကြောင်း၊ ပြီးခဲ့တဲ့ ၁၄ ရက်ကထက် ပိုးများနေကြောင်း ဝန်ကြီးက ပြောပါတယ်။ ဒီနေ့မှာ အစိုးရအဖွဲ့ အစည်းအဝေးကနေ ရောဂါပိုး ထိန်းချုပ်ရေး ဆက်လုပ်ရန် ရှိကြောင်း သိရပါတယ်။
ဂျာမနီနိုင်ငံမှာ နိုဝင်ဘာလဆန်းပိုင်း ကစပြီး ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် ဘားတွေ၊ စားသောက်ဆိုင်တွေ၊ အားကစား ခန်းမတွေနဲ့ တခြားအပန်းဖြေ နေရာတွေကို ပိတ်ထားပေမယ့် ကျောင်းနဲ့ ဈေးဆိုင်တွေကို ဆက်လက်ဖွင့်ခွင့်ပြုထားခဲ့ပါတယ်။
စီးပွားရေးဝန်ကြီးက အနည်းဆုံး နောက် လေး၊ ငါးလအထိ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတိပေးချက်တွေအောက်မှာ နေထိုင်ရမှာဖြစ်ကြောင်း၊ လူအများစုက စည်းမျဉ်းစည်းကမ်းတွေ ဖြေလျှော့ပေးဖို့ လိုလားမယ်ဆိုတာသိကြောင်း (ဉပမာ ရုပ်ရှင်ရုံတွေ သို့မဟုတ် စားဆောက်ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးတာမျိူး) လက်ရှိအချိန်မှာ ပိုးတွေ့ရှိမှုဟာ အင်မတန်များနေကြောင်း၊ ဒီနေ့မှာ ဝန်ကြီးချုပ်နဲ့ ပြည်နယ်၁၆ ခုရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တားမြစ်မှု အပြောင်းအလဲတွေကို ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
သောကြာနေ့က ပို့တွေ့သူဟာ ၂၃,၀၀၀ ကျော် ရှိခဲ့တဲ့အတွက် မှတ်တမ်းတင်တဲ့နေ့ ဖြစ်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံမှာ ပိုးတွေ့ရှိသူ ၇၉၀,၅၀၃ ဦး ရှိပြီး သေဆုံး ၁၂,၄၈၅ ဦးရှိကြောင်း အစိုးရ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပိုးတွေ့ရှိသူတွေထဲ အရေးပေါ် ကုသပေးနေရသူ ၃,၃၀၀ ရှိကြောင်း အောက်တိုဘာ လဆန်းပိုင်းက ၃၆၀ ကျော်သာ ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
