နေပြည်တော် ၁၆ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ နိုဝင်ဘာ ၁၄ ရက်က ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုယူသူများကို ဖော်ထုတ်အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်နေ ဒေါက်တာ သီဟကျော်စွာလင်းသည် မxxxx အား အိုးရှင်းစင်တာမှ ၎င်းနေထိုင်ရာ နေအိမ်သို့ ဆိုင်ကယ်ဖြင့် လိုက်ပို့ပြီး လမ်းဘေးတွင်ရပ်၍ စကားပြောနေစဉ် ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဓားအားပြ၍ iPhone (၃)လုံး၊ Power Bank (၁)ခု၊ ATM ကတ် (၃)ခု၊ ငွေစက္ကူရောရာ ၁၉,၀၀၀ ကျပ်နှင့် အမျိုးသမီးသုံး ပိုက်ဆံအိတ် (၁)လုံးတို့ပါသော ပိုက်ဆံအိတ် (၂)လုံးအား ဆွဲယူမောင်းနှင် ထွက်ပြေးသွားသဖြင့် အရေးယူပေးပါရန် တိုင်တန်း၍ ချမ်းမြသာစည် အမှတ်(၁)နယ်မြေရဲစခန်းမှ အမှုဖွင့်စုံစမ်းခဲ့သည်။

 

အမှုမှ ပြစ်မှုကျူးလွန်သူများအား စုံစမ်းခဲ့ရာ ချမ်းမြသာစည်မြို့နယ်နေ ထွန်းလင်းလတ် (၂၅)နှစ်နှင့် စိုးပိုင်(ခ)စည်သူထွန်း (၂၇)နှစ်တို့ဖြစ်ကြောင်း သိရှိရ၍ လိုက်လံဖမ်းဆီးရာ စိုးပိုင်(ခ)စည်သူထွန်းမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ထွန်းလင်းလတ်အား သက်သေခံပစ္စည်း iPhone (၃)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

 

ရဲပြန်ကြား