နောင်ချို ၁၇ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ် ကျောက်တောစံပြကျေးရွာ ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်း (CBT)စတင်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ(CBT )ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ (CBT) ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းလှိုင်နှင့်ကော်မတီဝင်များဖြစ်ကြသောဒေါ် မေသင်္ကြန်ဟိန်၊ ဒေါက်တာမိုးမြင့်သူနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြကာ ကျောက်တောစံပြရွာ လူထု အခြေပြု ခရီးသွား လုပ်ငန်း(CBT) ဖွင့်ပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်နှင့်အညီ မြို့နယ်အတွင်းခရီးသွား ဧည့်သည်များနှင့် စတင်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။
(CBT) ခရီးသွားလုပ်ငန်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဝင်ကြေးအခမဲ့စနစ်ဖြင့် ကြီးကြပ်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ စည်းကမ်းချက်နှင့်လျော်ညီသော ညအိပ်ဧည့်သည်များကို ကိုဗစ်-၁၉ ခွင့်ပြုချက်နှင့်အညီ သတ်မှတ်နှုန်းထားများနှင့် လက်ခံသွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စ၍ နေ့ချင်းပြန် ဧည့်သည်များကို သတ်မှတ်ဝင်ကြေးဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း ၊ ကျောက်တောစံပြ (CBT) ကျေးရွာသည် ခရီးသွားပြည်သူများအတွက် အပန်းဖြေစရာ နေရာတစ်ခု ဖြစ်ကြောင်း (CBT ) ကော်မတီထံမှ သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)


