ဖျာပုံ  ၁၇  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂၀၄ ဒသမ ၉၂ သန်း အသုံးပြုကာ ကျေးရွာ ၁၉ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေများ ဖူလုံစွာရရှိရေးအတွက် သောက်သုံးရေရှားပါးနိုင်တဲ့ကျေးရွာတွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွေနဲ့ ဦးစားပေး အလိုက်ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂၀၄ ဒသမ ၉၂ သန်းဖြင့် မြေသားမိုးရေလှောင်ကန်တူးဖော်ခြင်းနှင့် အနက်နှိုက်ခြင်းလုပ်ငန်း(၅)ခု၊ ဂါလန် ၂၃၅၀၀ ဆံ့ Ferrocement Tank တည်ဆောက်ခြင်းလုပ်ငန်း(၇)ခု၊ တွင်းနက်စက်ရေတွင်း တူးဖော်ခြင်းနှင့် ရေစက်ရုံ၊ ရေအုတ်ကန်တည်ဆောက်ခြင်းလုပ်ငန်း(၇)ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါ လုပ်ငန်းများဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်မင်းထွန်းက ပြောသည်။

 

အဆိုပါကျေးရွာများတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက‌ ကျေးရွာ(၁၉)ရွာရှိ အိမ်ခြေ (၃၃၃၅) အိမ်၊ လူဦးရေ (၁၆၀၄၉)နှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်