၁၇-၁၁-၂၀၂၀ ရက်၊ ဆိုးလ်

 

၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေးစီစဉ်ပေးလျက်ရှိရာ ၁၇-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် (၃၁)ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲပေးနိုင်ခဲ့ပါသည်။

 

၂။ အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ (၁၆:၂၅) နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှ (၁)ဦး၊ အီတလီနိုင်ငံမှ (၁)ဦး၊ ဘရာဇီးလ်နိုင်ငံမှ (၁)ဦး၊ ရုရှားနိုင်ငံမှ (၁)ဦး၊  ကနေဒါနိုင်ငံမှ (၁)ဦး၊ ဗြိတိန်နိုင်ငံမှ (၃)ဦး၊ ဩစတြီးယားနိုင်ငံမှ (၄)ဦး၊ ဆွစ်ဇာလန်နိုင်ငံမှ (၅)ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၁) ဦး၊ ကိုရီးယားနိုင်ငံမှ (၇၃) ဦးနှင့် နိုင်ငံခြားသား (၂၄)ဦး စုစုပေါင်း (၁၂၅) ဦးတို့မှ စီးနင်းလိုက်ပါသွားပါသည်။

 

၃။ အဆိုပါခရီးစဉ်၌ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

#Ministry of Foreign Affairs Myanmar