ဝန်းသို ၁၇ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အတိုးရငွေဖြင့် ရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ အရှည်ပေ (၁၅၀၀)ကျော်၊ အကျယ် (၁၂)ပေ၊ ထု ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ လမ်းဘေးဝဲ/ယာ ရေမြောင်းတူးဖော်ထားရှိမှု၊ ကွန်ကရစ်လမ်းပေါ်ရှိ (၄)ပေအကျယ် Box Culvert (၁)စင်း၊ ကွန်ကရစ်ရေပြွန် (၂)စင်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။
မြိုင်ဇေယျာကျေးရွာနှင့် ရေဝေကုန်းကျေးရွာ (၂)ရွာ တစ်ယူနစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေသိန်း (၁၀၀)အသုံးပြုကာ မြိုင်ဇေယျာကျေးရွာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဦးဆောင်မှုဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်


