နေပြည်တော် ၁၇ နိုဝင်ဘာ

 

သင်္ဃန်းကျွန်းမြို့နယ်၌ ထောက်ပံ့ကြေးငွေ မရရှိသည့်ကိစ္စအား မကျေနပ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ပစ်မည်ဟု ဆဲဆိုခြိမ်းခြောက်သူကို အရေးယူထားကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(င/က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် (၄၈)နှစ်သည် နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီခွဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ နိုင်ငံတော်မှချထားပေးသော ထောက်ပံ့ကြေးငွေများအား ရပ်ကွက်နေပြည်သူများသို့ ပေးအပ်နေစဉ် အဆိုပါရပ်ကွက်နေ မျိုးအောင် (၃၂)နှစ် ရောက်ရှိလာပြီး ထောက်ပံ့ကြေးငွေ မရရှိသည့်ကိစ္စအား မကျေနပ်သဖြင့် အော်ဟစ်ဆဲဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့၍ အရေးယူပေးပါရန် တိုင်တန်းချက်အရ မျိုးအောင်အား သုဝဏ္ဏနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား