ရေဖြူ ၁၇ နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ရရှိစေရန်နှင့် တောင်သူများအတွက် ဆောင်းသီးနှံစိုက်ခင်းအဖြစ် ရေဖြူမြို့၊ (ခ)ရပ်ကွက်၊ ဦးကျော်မြင့်လယ်မြေတွင် နှမ်း(၃)ဧကကို နိုဝင်ဘာ ၁၇ ရက်တွင် စတင်စိုက်ပျိုးထားကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဆောင်းရာသီတွင် ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံ‌ဖြစ်သော နေကြာနှင့် ပဲအမျိုးမျိုးကိုလည်း မကြာမီစိုက်ပျိုးသွားမည်ဖြစ်ပြီး နှမ်း(၃)ဧကကို စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

“ဆီထွက်သီးနှံဖြစ်တဲ့ နှမ်း၊ နေကြာ၊ ပဲတို့ကို ကျွန်တော်တို့ နတ်တွင်းကျေးရွာမှာ စပါးရိတ်သိမ်းအပြီး အစိုဓာတ်ရှိနေတုန်း စတင်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်” ဟု ရေဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဝင်းက ပြောသည်။

အလားတူ ပြောင်းဖူး (၁)ဧကကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ပြီး ယခုအချိန်တွင် စံပြဆောင်းသီးနှံအဖြစ် နှမ်း(၃)ဧကကို စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ရေဖြူ (ပြန်/ဆက်)