နေပြည်တော် ၁၇ နိုဝင်ဘာ 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။ 


ယခုအခါ အပတ်စဉ် ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်းကို ထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လာကျန်းမာလာသူများ ဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဆေးတက္ကသိုလ်(၂) စိတ်ကျန်းမာပညာဌာနမှ ကထိက ဒေါက်တာမျိုးကျော်သူ၊ သင်္ဃန်းကျွန်းမြို့နယ်မှ ဦးကျော်သူရဝင်းနှင့် ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးမှ သူနာပြုဆရာမကြီး ဒေါ်ကြည်ကြည်ဝေတို့၏ ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်းအစီအစဉ်ကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်