မြင်းမူ ၁၈ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာ သိမ်ကျောင်းဆရာတော် အရှင်အာဒိစ္စာလကာ်ရ (လူမှုထူးချွန် ပထမအဆင့်) ဆရာတော်ဦးဆောင်သည့် စေတနာ သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို၊ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၉)နာရီ အချိန်တွင် ဆရာတော်၏ ကျောင်းတိုက်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ကျေးရွာအတွင်းရှိ သွေးလှူရှင်(၁၇၀)က သွေးလှူဒါန်းပေးကြမည်ဖြစ်ပြီး မန္တလေးမြို့သွေးလှူဘဏ်မှ ဆရာ/ဆရာမများက လာရောက်ပြီးလက်ခံရယူကြမည်ဖြစ်ကြောင်း၊ ကျေးရွာအတွင်း သွေးလှူ အသင်းကို ဖွဲ့စည်းထားပြီး သွေးလှူရှင်အင်အား(၄၀ဝ) ကျော်ရှိကြောင်း၊ နှစ်စဉ် မန္တလေး ဆေးရုံကြီး သွေးလှူဌာနနှင့် ပြင်ဦးလွင်မြို့၊ ခုတင်(၇၀ဝ) စစ်ဆေးရုံများသို့ သွားရောက်ကာ သွေးလှူဒါန်းခြင်းများ ပြုလုပ်ပေးလျှက်ရှိကြောင်း သွေးလှူရှင်ဆရာတော် အာဒိစ္စလကာ်ရ၏ မိန့်ကြားချက်အရ သိရှိရသည်။
ဆရာတော်ဦးဆောင်သည့် ထီးဆောင်းစံပြကျေးရွာရှိ စေတနာသွေးလှူရှင်များက သွေးလိုအပ်မှုရှိသည့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံအပါအဝင် ရန်ကုန်ပြည်သူ့ဆေးရုံနှင့် မန္တလေးမြို့ပြည်သူ့ ဆေးရုံများသို့ သွေးလှူဒါန်းခဲ့သည်မှာ (၁၃၁)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)


