ကျိုက်မ ရော      ၁၈   နိုဝင်ဘာ   

 

မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်အတွင်း ၂၀၂၀- ၂၀၂၁ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် တောင်သူများ စပါးနှင့် ဆောင်းသီးနှံပဲမျိုးစုံ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးစရိတ် ချေးငွေများကို နိုဝင်ဘာလမှစ၍ မြန့်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ထုတ်ချေးပေးရာတွင် ကျိုက်မရော မြို့နယ်၌နွေစပါးစီမံကိန်းဧက(၄၉၇၃) ဧက ရှိပြီးကျေးရွာ ခုနှစ်ရွာတွင် တောင်သူ ၁၃၄ ဦးမှ စပါးစိုက်ဧက ၆၄၆ ဧက နှင့် မတ်ပဲ ၊ပဲတီစိမ်းနှင့် အခြားပဲမျိုးစုံစိုက်ဧက ၁၆၆ ဧက အတွက် စပါးတစ်ဧကလျှင်ကျပ်တစ်သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊ ပဲမျိုးစုံအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းစီ ထုတ်ချေးပေးရန်လျာထားပြီး စုစုပေါင်းဆောင်းသီးနှံ ချေးငွေ ( ၁၁ ၃၅)သိန်းထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းမြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ သိရသည်။

 

ချေးငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျှက်ရှိပြီး  ချေးငွေ အတိုးနှုန်းမှာ ကျပ်  ၁၀ဝ အတွက် တစ်နှစ်လျှင် ငါးရာခိုင် နှုန်း သာဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး ရေး ဘဏ်မန်နေဂျာ ဒေါ်သီတာထွန်း ထံမှသိရသည်။

 

ချိုချို(ပြန်/ဆက်)