၁၈ နိုဝင်ဘာ

 

 

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ပြည်နယ်ဖြစ်သည့် ဆော်ပေါ်လိုပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြှင့်တက်နေခြင်းကြောင့် အသွားအလာ ကန့်သတ်ချက်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဘရာဇီးအစိုးရက  နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် အမိန့်တစ်ရပ်အရ သိရှိရသည်။

 

 

ဘရာဇီးနိုင်ငံရှိ ပြည်နယ်များတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၄၀၀၀၀ ကျော် ရှိလာချိန်တွင် အသွားအလာကန့်သတ်သည့် အမိန့်ကို မတ်လ ၂၂ရက်နေ့မှ စတင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ဆောပေါ်လို ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျာအို ဒူဂျာရစ်က တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

 

 

အဆိုပါ ပြည်နယ်လူပေါင်း ၄၆ သန်း နေထိုင်လျက်ရှိပြီး စီးပွားရေး လုပ်ငန်းများနှင့် အပန်းဖြေ လုပ်ငန်းများကို ကန့်သတ်ထားမည်ဖြစ်သည်။  

 

 

ဘရာဇီးနိုင်ငံတွင် ဆောပေါ်လိုမြို့သည် သေဆုံးမှုနှင့် ကူးစက်မှု အမြင့်ဆုံးဖြစ်သည်။

 

 

ဆေးရုံတင် ကုသမှုနှင့် သေဆုံးနှုန်းများ ထပ်မံမြင့်တက်လာပါက ပိုမိုတင်းကျပ်သော ကန့်သတ်ချက်များ ချမှတ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဂျင်းဂေါ်ရင်ချတီက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်