ပန်းတနော် ၁၈ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်မှတ်ထားသည့် အခြေခံမူများနှင့်အညီ ရွေးချယ်နိုင်ရန် ယနေ့နံနက် ၁၀ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်တွင် ကျေးရွာအုပ်စု (၅၆)အုပ်စုရှိပြီး ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပန်းတနော် မြို့နယ်အတွင်းအကောင်အထည် ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း (MSY) ကျေးရွာ (၂)ယူနစ်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ (၂၆) ရွာအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် TPIC ဥက္ကဋ္ဌ အဖွဲ့ဝင်များဖြင့် သတ်မှတ် လမ်းညွှန်ချက်များအတိုင်း ရွေးချယ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ ဆက်)


