စစ်တွေ  ၁၈  နိုဝင်ဘာ

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေစဉ် Stay at home ကာလအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၁၇၉၈၅ စု အား နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၂ နာရီက ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဂစ္ဆပနဒီခန်းမ၌ ကျင်းပသည်။

 

ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းတို့က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ထောက်ပံ့ငွေများကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ကြသည်။

 

ကျောက်တော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု ၁၇၉၈၅ စုရှိပြီး တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၇၁၉၄၀၀၀၀၀ အားထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

 

တင်ထွန်း(ပြန်/ဆက်)