နေပြည်တော်  ၁၈  နိုဝင်ဘာ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊  စီပဒုံးချောင်းဖျား၊ တန့်ဆည်-မင်းကင်းမြို့နယ် နယ်နိမိတ်ဆက်စပ်သည့် တည်နေ ရာအနီးတွင် တရားမဝင် သစ်ယာ/အင်/ ကညင် ခွဲသား ခန့်မှန်းတန်(၄၀)ခန့်၊ ထွန်စက်(၆) စီးနှင့် စက်ခေါင်းမပါ တာယာဘီးတပ် ထွန်စက်နောက်တွဲယာဉ် (၁၁)စီး၊ ကလေးဝမြို့နယ် ရွှေကျင်ကြိုးဝိုင်းအကွက် အမှတ် (၁၈) အတွင်း တရားမဝင် အင်/ သစ်ယာ/ကညင်ခွဲသား (၁၇)တန်၊ မင်းကင်းမြို့နယ်၊ စရိုကြိုးပြင်ကာကွယ် တောအတွင်း တရားမဝင် ကညင်ခွဲသား တန် (၃၀)၊ ဆိုင်ကယ်(၁)စီး၊ ချိန်းဆော (၁)လုံး၊ လယ်ဝေးမြို့နယ် မင်းပြင်ကြိုးဝိုင်း အကွက် အမှတ်(၁၁)အတွင်း တရားမဝင် ချဉ်ယုတ်/ ဒီးဒူး/ နဘဲ/ သစ် (၁၃)တန်၊ အင်ဂျင်(၁)လုံး၊ ချိန်းဆော(၁)လက်နှင့် သစ်စက်ဆက်စပ်ပစ္စည်းများ၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မြို့မဘိနယ်၊ ကလရောင်မြစ်ချောင်းလက်တက်အတွင်း တရားမဝင် သစ်ခွဲသားမျိုးစုံ အချောင်း(၉၀၀)ကျော်၊ ထို့အတူ တောင်ကုတ်မြို့နယ်၊ လမူးဘိနယ်၊ တောင်ရင်ချောင်း အတွင်း တရားမဝင် သစ်ခွဲသားဆိုဒ်စုံ ခန့်မှန်းတန်(၁၀၀) ကျော်ခန့်အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)