၁၈ နိုဝင်ဘာ
ဇင်ဘာဘွေနိုင်ငံ အနောက်မြောက်ပိုးရှိ အထက်တန်းကျောင်း တစ်ကျောင်းက ကျောင်းသားကျောင်းသူ ၁၀၀ မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိကြောင်း အစိုးရက အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အစိုးရရဲ့ ပြောခွင့်ရသူ နစ်ခ် မန်ဂွာနာက မတ်တာဘယ်လာလန်းနော့ ဒေသရှိ ကျောင်းအိပ်ကျောင်းစား အထက်တန်းကျောင်းက ကျောင်းသားကျောင်းသူ ၁၀၀ မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ပြောပါတယ်။
အဲဒီကျောင်းမှာ ကျောင်းသားကျောင်းသူ ၆၀၀ ကျော် ပညာသင်ကြားနေပါတယ်။ ဗိုင်းရပ်စ်ပိုးကို ဘယ်နေ့က စစ်ဆေးခဲ့တယ်ဆိုတာကို ထုတ်ပြန်ပြောဆိုခြင်းမရှိပေမယ့် ကျောင်းတွင်းရှိလူတွေကို အပြင်ထွက်ခွင့် မရှိသလို ကျောင်းဝိုင်းထဲသို့လည်း ဝင်ရောက်ခွင့်မရှိအောင် ပိတ်ထားကြောင်း သိရပါတယ်။
ဇင်ဘာဘွေနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး စတင်ကူးစက်ချိန် မတ်လကစပြီး ကျောင်းတွေပိတ်ထားခဲ့ပေမယ့် ရောဂါပိုးကူးစက်မှု ကျဆင်းချိန် စက်တင်ဘာလကစပြီး တဖြည်းဖြည်း ပြန်ဖွင့်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ဇင်ဘာဘွေနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၈,၈၉၇ ဦးရှိပြီး သေဆုံးသူ ၂၅၇ ဦးရှိတဲ့အတွက် အိမ်နီးချင်းနိုင်ငံ တောင်အာဖရိကထက် များစွားနည်းတာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP