စစ်တွေ ၁၈ နိုဝင်ဘာ

စစ်တွေမြို့နယ်၊ ကျက်တောပြင်ကျေးရွာအုပ်စု၊ ကျက်တောပြင်ကျေးရွာရှိ ပေါ်ဆန်းရင် စပါးမျိုးစေ့ထုတ်စိုက်ခင်း (၄၅) ဧကကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မျိုးစေ့တာဝန်ခံနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်လှသိင်္ဂီက မျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကွဲနုတ်ပယ်နည်း စနစ်များကို မျိုးစေ့ထုတ်တောင်သူများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ကျက်တောပြင်ကျေးရွာ ကွင်းအမှတ်(၅၂၉)ရှိ တောင်သူ ဦးအောင်ကျော်ဟိန်း၏ ဆင်းသွယ်လတ် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း (၁ ဒသမ ၆၀)ဧကတွင် မိုးစပါး စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် စပါးအစို(၁၀၂)တင်းနှုန်း ထွက်ရှိခဲ့သည်။ အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိုက်စိုး၊ ဒုတိယပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ ပြည်နယ်/ခရိုင် လုပ်ငန်းတာဝန်ခံများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တောင်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဂျိုင်းလော(သတင်းစဉ်)