နေပြည်တော် ၁၈ နိုဝင်ဘာ
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာမှုမရှိဘဲ ဆိုင်ထိုင်စားသောက်ခွင့်ပြုသည့် စားသောက်ဆိုင်နှစ်ဆိုင်အား အရေးယူထားကြောင်း သိရသည်။
ဇေယျသီရိမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းအောင် ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၄ ရက်က ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချမှု တားမြစ်ထားခြင်းအား လိုက်နာမှု ရှိ/မရှိ လိုက်လံစစ်ဆေးစဉ် ကျည်တောင်ကျေးရွာ ပေါင်းလောင်းမြစ်ကမ်းဘေး၌ ဦးနေမင်းထွန်း ပိုင်ဆိုင်သော "ပေါင်းလောင်း ဆိပ်ကမ်းသာ" စားသောက်ဆိုင်နှင့် ဦးသန်းထွဋ် ပိုင်ဆိုင်သော "နှင်းကောင်းကျော်" စားသောက်ဆိုင်တို့မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာမှုမရှိဘဲ ဆိုင်ထိုင်ရောင်းချနေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ ဦးနေမင်းထွန်းနှင့် ဦးသန်းထွဋ်တို့အား ရေဆင်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား