နေပြည်တော် ၁၈ နိုဝင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ၁၀ နာရီခွဲတွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ မဟာဘောဂလမ်း၊ အမှတ်(၂၃)၊ (၅)လွှာနေ အောင်နိုင်ဝင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၆,၅၉၀ သိမ်းဆည်း ရမိခဲ့ကြောင်း။

 

ဆက်လက်၍ ကွင်းဆက်အရ ညနေ ၄ နာရီခွဲတွင် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ကျိုက္ကဆံလမ်းပေါ်ရှိ ကားတာယာ အရောင်းဆိုင်ရှေ့တွင် တင်မြင့် (ခ) ဂိုရာဟာစန်း (ခ) အဘိုင်နှင့် ရဲအောင် (ခ) ဘာဘူတို့အား ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ် ဆေးပြား ၁၈,၆၀၀ ကိုလည်းကောင်း၊ အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဟောင်လိတ်စက်မှုဇုန်နေ အိုက်ဝင်း (ခ) စိုင်းဝင်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၂၅  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် အိမ်နီးချင်းဖြစ်သူ အိုက်ကျော်၏နေအိမ်ကို ဆက်လက်ရှာဖွေရာ အိုက်စ် ၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၃၇  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား