နေပြည်တော် ၁၈ နိုဝင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
နိုဝင်ဘာ (၁၉) ရက် ညနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်နိုင်ရေးအဖွဲ့ဝင် ကျန်းမာရေး ပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များဖြစ်သည့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး (ပူးတွဲတာဝန်) ဆေးရုံအုပ်ကြီး၊ ပဲခူးပြည်သူ့ဆေးရုံကြီး ညွှန်ကြားရေးမှူး ဒေါက်တာရန်နိုင်မောင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်၊ ညွှန်ကြားရေးမှူး/ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းတို့က ပြည်သူများ သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


