တီးတိန် ၁၉ နိုဝင်ဘာ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းဖြင့် လုပ်ငန်း (၁၅)ခု ဆောင်ရွက်မည်ဖြစ်ကြောင်း စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
အဆိုပါ လုပ်ငန်းတွင် စည်ပင်ဝန်ထမ်းအိမ်ရာ (၁၁၂×၃၀×၂၄)ပေ၊ (၄)ခန်းတွဲ RC (၂)ထပ် တည်ဆောက်ခြင်း၊ မြို့မဈေး အသားရောင်းဆိုင် (၁၈×၁၆×၁၀)ပေ၊ နံကပ်အဆောက်အဦ (၁)ထပ် တည်ဆောက်ခြင်း၊ မိတ္တူကူးစက် (Canon 2204L) ၁ လုံးဝယ် ယူခြင်း၊နေစုလမ်း (၆၆၀×၁၂)ပေ၊ ကတ္တရာခင်းခြင်း၊ ကားကြီး/ကားလေးဝင်း တည်ဆောက်ခြင်းနှင့် (၁၀၅၆၀×၂၁)ပေ၊ လမ်းသစ်ဖောက် လုပ်ခြင်း၊တီးတိန်မြို့ ပွန်းပီးရေထွက်မှ မြို့တိုးချဲ့နေရာအထိ ရေပေးရေး Detail Survey & Design ရေးဆွဲခြင်း၊ (၁၈)မိုင် လမ်းသစ်ဖောက်လုပ်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်း ခန့်မှန်းတွက်ချက်မှုကျပ်သန်း (၂၅၀ဝ)အနက် (၂၀၂၀- ၂၀၂၁)ခု၊ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၆၀ဝ)လျာထားခြင်း၊လေးလုမ်း ရပ်ကွက်တွင် (၁၁၅×၁.၅×၁.၅)ပေ၊အိမ်ကြားရေမြောင်းလမ်းပြုလုပ်ခြင်း၊ ထန်ဟိုးလမ်း (၁၇၂×၁၀)ပေ၊ ကတ္တရာ ခင်းခြင်းနှင့် အိမ်ကြားလမ်း (၂၃၀×၆) ပေ၊ကွန်ကရစ်ခင်းခြင်း၊လွယ်ဘွာလ်းရပ်ကွက်တွင် (၂၈၇၈×၁၀)ပေ၊အထ က-၂ သွားလမ်းကတ္တရာခင်းခြင်း၊မြို့မရပ်ကွက်တွင် (၄၇၆×၁.၅×၂)ပေ နှင့် (၂၇၅×ဝ.၇၅×၁၅)ပေ၊ အိမ်ကြားရေမြောင်း နှစ်ခုနှင့် (၈၀×၁၂)ပေရှိ မြေထိန်းနံရံပြုလုပ်ခြင်းနှင့် စကောလမ်းရပ်ကွက်-တက်လွီးလမ်း (၂၃၇၅×၁၀)ပေ၊ ကွန်ကရစ်ခင်းခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ကျင်းဟွဲလွန်း ထံမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


