၁၉ နိုဝင်ဘာ
အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer က ၉၅ ရာခိုင်နှုန်း ထိရောက်သည်ဆိုသော အလားအလာ ကောင်းသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးအား အရေးပေါ် သုံးစွဲရေး ခွင့်ပြုချက် ရယူရန် ကြိုးစားလျက်ရှိသည်။
Pfizer နှင့် ဂျာမနီကုမ္ပဏီ BioNTech တို့ ပူးတွဲပြီး အဆိုပါ ကာကွယ်ဆေးကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
လူပေါင်း ၄၀၀၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့ အတွင်းက Pfizer ကာကွယ်ဆေးဖြင့် စမ်းသပ်ခဲ့ပြီးနောက် နောက်ဆုံး ရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားနေသူ ၁၇၀ ကို Pfizer ကာကွယ်ဆေး ထိုးပေးရာတွင် အခြေအနေ ကောင်းသည်ဟု ဆိုသည်။
ကာကွယ်ဆေး ထိုးထားသည့် လူများတွင် မည်သည့် ဘေးထွက်ဆိုးကျိုးကိုမှ မတွေ့ရကြောင်း Pfizer က ပြောကြားခဲ့သည်။
ကာကွယ်ဆေး ထိုးနှံခဲ့သည့် စေတနာ့ဝန်ထမ်း နှစ်ရာခိုင်နှုန်းမှာ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း မျိုး ခံစားခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန် FDA ၏ အရေးပေါ် အသုံးပြုခွင့်ကို ရယူရန်အတွက် ကာကွယ်ဆေး၏ ဘေးကင်းမှုနှင့် လုံခြုံစိတ်ချရမှုစသော အချက်များ အရေးကြီးကြောင်း Pfizer က ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဇွန်လမကုန်မီ ပြည်သူ သန်း ၆၀ အတွက် ဗိုင်းရပ်စ် ကာကွယ်ဆေးများ ထောက်ပံ့ရန် Pfizer ကုမ္ပဏီက ဂျပန်အစိုးရနှင့် သဘောတူညီချက် တစ်ရပ် ရရှိခဲ့ပြီး ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်