လှိုင်းဘွဲ ၁၉ နိုဝင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPEဝတ်စုံနှင့် ဆေးရုံးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့က မြိုင်ကြီးငူ တိုက်နယ်ဆေးရုံနှင့် အာရောဂျ ဒါနဆေးရုံတို့၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲတွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် ဒေါက်တာစောဌေးမြင့်မှ PPE ဝတ်စုံ(၁၀ဝ)၊ Face Shield ခုရေ(၁၀ဝ)၊ နှာခေါင်းစည်း N-95 ခုရေ (၁၀ဝ)၊ Hand Gel (၂)ဖာနှင့် Community Partner International (CPI) အဖွဲ့မှ Apron ခုရေ (၂၀ဝ၀)၊ Face Shield ခုရေ (၂၀ဝ၀)၊ Caps ခုရေ (၂၀ဝ၀)၊ Surgical Mark (၂၀ဝ၀)နှင့် အခြားအသုံးအဆောင် ပစ္စည်းများကို လှူဒါန်းခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုက်နယ်ဆရာဝန် ဒေါက်တာသန်းထိုက်အောင်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


