ကသာ ၁၉ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဦးဆောင်၍ စားသုံးရန် မသင့်သော စားသောက်ကုန်များ နှင့်  သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိကို ယနေ့နံနက်(၈)နာရီက ကသာမြို့ ပတ္တမြား ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များနှင့် ပတ္တမြားဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပတ္တမြား ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များနှင့် ပတ္တမြားဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ရှောင်တခင်စစ်ဆေးခဲ့ပြီး စားသုံးရန်မသင့်သော စားသောက်ကုန်များ၊ သက်တမ်းလွန် ဆေးဝါးများ၊ ဆိုးဆေးပါသော ထုတ်ကုန်များ၊ ပြည်တွင်း နှင့် ပြည်ပမှ ထုတ်လုပ်တင်သွင်း ရောင်းချသည့် မုန့်မျိုးစုံနှင့် စားသုံးရန် မသင့်လျော်သည့် မုန့်များ မရောင်းချရန် တားမြစ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နိုင်လင်းထက်(ပြန်/ဆက်)

 

mdn