ထန်တလန် ၁၉ နိုဝင်ဘာ
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ Save The Children နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီနိုင်ရေးအတွက် လူထုကျန်းမာရေးလုပ်သား အခြေခံ သင်တန်းကို နိုဝင်ဘာ ၁၆ ရက်က စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကူးစက်ရောဂါများပြန့်ပွားခြင်းနှင့် ကာကွယ်နှိမ်နင်းခြင်း၊ ကပ်ရောဂါဖြစ်ပွားမှု၊ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ခြင်း၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS)၊ ကူးစက်မြန်ပြင်းထန် နမိုးနီးယား (အဆုပ်ရောင်ရောဂါ၊ဆားစ်ရောဂါ၊အနာကြီးရောဂါ)၊ မသန့်ရှင်းသော အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၊ ဆင်ခြေထောက်ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ကာလသားရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာ ဖောက်ပြန်ခြင်း၊ အဖြူဆင်းခြင်း၊ နာကျင်ကိုက်ခဲစွာ ဓမ္မပေါ်ခြင်း၊ မြန်မာ့တိုင်းရင်းဆေးပညာ၊ လူထုကျန်းမာရေး လုပ်သား၏ အရည်အချင်း လိုအပ်ချက်နှင့်တာဝန်ဝတ္တရား၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ(တိုက်ဖွိုက်ရောဂါ)၊ အသည်းရောင် အသားဝါရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်သော ရောဂါများ၊ အမျိုးသားကျန်းမာရေးမူဝါဒ(၁၉၉၃) အခြေခံကျန်းမာရေးဌာနများ၊ ARI(ခေါ်) အသက်ရှူလမ်းကြောင်းတွင် ရောဂါပိုးလတ်တလောဝင်ရောက်ခြင်းကြောင့် ဖြစ်သောရောဂါ၊သူငယ်နာ အကြောသေရောဂါ (ပိုလီယို) ဝက်သက်ရောဂါ စသည့်သင်ခန်းစာများကို သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား(၂၄)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ (၄) ဦးတို့က ရက်သတ္တပတ် (၄)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


