ကျိုက်မရော ၁၉ နိုဝင်ဘာ

 

ကျိုက်မရော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် FAO အဖွဲ့တို့ပူးပေါင်း၍ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်နှင့်အညီ စိုက်ပျိုးရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုအား ကြိုတင်ဆောင်ရွက်ရန် နှင့် ဖြေရှငိးကုစားနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်း၌ FAO အဖွဲ့မှ coordimator မှ Zoom mettingဖြင့် အဖွင့်အမှာစကားပြောကြားပြီး သင်တန်းအား မော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မြေမျိုး၊ ပိုးတာဝန်ခံများမှ လာရောက်၍ ပို့ချပေးခဲ့ကြသည်။ သင်တန်းသို့ သင်တန်းသား (၂၁)ဦးတက်ရောက်ခဲ့ကြသည်။

 

အဆိုပါသင်တန်းတက် ရောက်ခဲ့သူဝန်ထမ်းများက ကျေးရွာတောင်သူများအား ထပ်ဆင့်သင်တန်း ပြန်လည်ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သတင်းရရှိသည်။

 

ချိုချို ပြန်/ဆက်)

 

mdn