သာကေတ   ၁၉   နိုဝင်ဘာ

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် အတွက်  သာကေတ မြို့နယ်ရှိ သတင်းဆရာအသင်းဝင်အချို့အား နိုဝင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက သာကေတ မြို့နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့် (ချမ်းသာပြည့်စုံ)မှ ၎င်း၏ ကိုယ်ပိုင်ဝင်ငွေထဲမှ ဒုတိယအကြိမ်မြောက်အဖြစ် အသင်းဝင်တစ်ဦးလျှင်ငွေကျပ် (၂၀ဝ၀ဝ)စီဖြင့် အသင်းဝင် (၇)ဦးအား အိမ်အရောက်ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

 

သာကေတမြို့နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့် (ချမ်းသာပြည့်စုံ)မှ “အသင်းဝင်အချို့ အခက်အခဲ ဖြစ်နေတဲ့ချိန်မှာ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုလိုထောက်ပံ့ ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုဝင်ဘာ(၁၇)ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် အသင်းဝင်တစ်ဦးလျှင် ငွေကျပ် (၅၀ဝ၀ဝ)စီဖြင့် အသင်းဝင်(၅)ဦးအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကိုဘုန်း(ပြန်ဆက်)