၁၉ နိုဝင်ဘာ
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ အရေးပေါ်ဌာနမှ ဒါရိုက်တာ မိုက်ကယ် ရိန်းက ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ဒုတိယလှိုင်းကို ကာကွယ်ဆေး မပါဘဲ ကျော်ဖြတ်ရမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က သတိပေး ပြောကြားပါတယ်။
ကာကွယ်ဆေးကို နတ်ဆေး အနေနဲ့ မြင်မနေဘဲ ကာကွယ်ဆေး မရှိဘဲ အခုကြုံတွေ့နေတဲ့ ကပ်ရောဂါပိုး ကူးစက်မှု ဒုတိယလှိုင်းကို ထပ်မံကျော်ဖြတ်ကြဖို့ လိုကြောင်း၊ ကမ္ဘာ့နေရာ အတော်များများဆီကို ကာကွယ်ဆေး ရောက်ဖို့ဆိုတာ အနည်းဆုံး လေးလကနေ ခြောက်လအထိ လိုအပ်သေး တယ်လို့ ထင်မြင်ကြောင်း၊ အခုချိန်ထိ ကာကွယ်ဆေး မရရှိသေးကြောင်း ဒါရိုက်တာ မိုက်ကယ် ရိန်း က ပြောပါတယ်။
နိုင်ငံတော်တော်များများဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းကို ဖြတ်သန်းနေကြတယ်။ အဲဒီလို ဖြတ်သန်းဖို့အတွက် ကာကွယ်ဆေး မပါဘဲ ဖြတ်သန်းနေတယ်။ ဒါက လက်တွေ့ အခြေအနေ ဆိုတာကို နာလည်ဖို့ လိုအပ်ပါတယ် လို့ ဆက်ပြောပါတယ်။
အမေရိကန် ဆေးကုမ္ပဏီ Pfizer က သူတို့ရဲ့ ကာကွယ်ဆေးဟာ ၉၅ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ အဲဒီအရင်က Moderna ဆေးကုမ္ပဏီကလည်း သူတို့ရဲ့ ကာကွယ်ဆေးဟာ ၉၄.၅ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ပြောပါတယ်။ ရုရှားဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီကလည်း သူတို့ဆေးဟာ ၉၀ ရာခိုင်နှုန်းကျော် အစွမ်းထက်ကြောင်း ကြေညာခဲ့ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၁.၃ သန်းကျော် ရှိနေပြီး ကူးစက်ခံရသူ အနည်းဆုံး ၅၅.၆ သန်းရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP