နေပြည်တော် ၁၉ နိုဝင်ဘာ

 

မော်လိုက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲတွင် မော်လိုက်မြို့နယ်၊ ခါဝဲကျေးရွာအုပ်စု၊ ပါဝယ်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ဖိုးဇော်နှင့် ထွန်းကြိုင်တို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ဖိုးဇော်မှာ ချင်းတွင်းမြစ်အတွင်းသို့ ခုန်ချထွက်ပြေးသွားပြီး ထွန်းကြိုင်ထံမှ ဘိန်းဖြူ သုည ဒသမ ၄၅၆ ကီလိုကို လည်းကောင်း။

 

အလားတူ နိုဝင်ဘာ ၁၈ ရက် ၇ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၆၉)ရပ်ကွက်၊ အနော်ရထာလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မသဲစုဝင်း (ခ) နီနီဝင်းအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ သိမ်းဆည်းရမိပြီး ၎င်းနေထိုင်သည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၆၉)ရပ်ကွက်၊ မဏိစန္ဒာလမ်း၊ မ/၁၉၆၂ ရှိ နေအိမ်ကို ဆက်လက်ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၀၅၈ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ ချောင်းဆုံကျေးရွာနေ ကျဟဲ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၂၈ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား