နတ်မောက် ၂၀ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဆင်သေကန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း(၅) ကျောင်းအတွက် ဆန်၊ ဆီ နှင့် သစ်သီးများသွားရောက်လှူဒါန်းခြင်းကို နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအသင်းမှဦးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းက ဆရာတော်များထံလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းခြင်းတွင် ရန်ကုန်ရောက် ဆင်သေကန်ရွာနွယ်ဖွားပညာရေးပဒေသာပင်အဖွဲ့မှ ပေးပို့လှူဒါန်းသည့် ငွေကျပ်(၃)သိန်းအား နတ်မောက်ကွန်ရက်ပရဟိတလူမှုအကျိုးပြုအသင်းက အလှူရှင်များကိုယ်စား ဦးဆောင်၍ ဆင်သေကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းအတွက် တစ်ကျောင်းလျှင် ဆန်(၁)အိတ်၊ ဆီ(၂)ပိဿာ၊ ငှက်ပျောဖီးကြမ်း၊ ပန်းသီးနှင့် ကွေကာထုပ်များကို ဆရာတော်များထံ ဆပ်ကပ်လှူဒါန်းခဲ့ရာ စုစုပေါင်း ဆန်(၅)အိတ်၊ ဆီ(၁၀)ပိဿာ၊ သစ်သီးများ နှင့် ကွေကာထုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)


