လှိုင်သာယာ(အနောက်ပိုင်း) ၂၀      နိုဝင်ဘာ 

 

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ စာရေးဆရာကြီး (၁၅)ဦးအား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသုံးကုန်များကို မလဲ့လဲ့သိန်း နှင့် ညီအမများ (သာကေတမြို့နယ်)မှ   ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာ အသင်းရုံးတွင် လာရောက်လှူဒါန်းသည်။

 

mdn

 

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ စာရေးဆရာကြီး တစ်ဦးလျှင်  ပေါ်ဆန်းမွှေး ဆန်(၃) ပြည်၊ ယိုးဒယား ပဲပိစပ်ဆီ(၁)ဘူး ၊ကြက်သွန်နီ (၅၀)သား၊ ငါးသေတ္တာ(၅)ဘူး ၊ကြာဇံ(၁)ထုပ် ရှူးရှဲ လက်ဖက် (၁၀)ထုပ် ၊ကြက်ဥ(၁၀)လုံး အစရှိသည့် တန်ဖိုးကျပ် (၁၂၂၀ဝ)ကျပ်နှင့် ညီမျှသော အခြေခံ စားသုံးကုန်(၇)မျိုး တို့ကို စာရေးဆရာကြီး(၁၅)ဦးအတွက် လှူဒါန်းပေးအပ်သည်။

 

အဆိုပါ လှူဒါန်းပေးအပ်ရာတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမ အိမ့်ခေတ်မှူးမှ အဖွင့်မုဒိတာစကား ပြောကြားခဲ့ပြီး စာရေးဆရာပန်းချီဇာတိမှ အလှူရှင်မိသားစုအား  ကာလတန်ဖိုး သုံးသိန်းနှင့် ညီမျှသော ပန်းချီကားတစ်ချပ်အား ပြန်လည်လက်ဆောင်ပေးအပ်ခဲ့သည်။ ထို့နောက် အလှူရှင် မိသားစုမှ ဝမ်းသာပီတိ စကားပြောကြားခဲ့ပြီး စာရေးဆရာကြီးများကိုယ်စား ဆရာကြီး အောင်မြေဆန်းဝင်းက ကျေးဇူးတင်စကား ပြောကြားကာ  မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းနှင့် စာအုပ်လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)