၂၀ နိုဝင်ဘာ
ရုရှားနိုင်ငံတွင် ကြသပတေးနေ့ အတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၂၃၆၀၀ နှင့် သေဆုံးသူပေါင်း ၄၆၀ ကျော်ရှိကြောင်း ရုရှားနိုင်ငံက ထုတ်ပြန်ခဲ့သည်။
ရုရှားနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း နှစ်သန်းကျော်အထိ မြှင့်တက်လာလျက်ရှိသည်။
မော်စကိုမြို့ရှိ ရေခဲပြင်စကိတ်ကွင်းကို လူနာများ ထားရှိရန်အတွက် ယာယီဆေးရုံ တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။
မော်စကိုမြို့တော်တွင် မကြာသေးမီ ရက်များ အတွင်းက နေ့စဉ် ကူးစက်မှု အသစ် ၆၀၀၀ ခန့်ရှိကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ စကိတ်ပြိုင်ပွဲများ ကျင်းပသည့် နေရာကို ခုတင် ၁၃၀၀ ကျော်ဆံ့ ဆေးရုံအဖြစ် ပြောင်းလဲခဲ့ပြီး ဆရာဝန် ၁၀၀ ကျော်နှင့် သူနာပြုများ ထားရှိလျက် ပြုစုစောင့်ရှောက်ပေးမှု ပေးနေကြောင်း ရုရှားမီဒီယာက ပြောကြားခဲ့သည်။
သေဆုံးမှုနှုန်း မြင့်မားနေခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပသည့် အစိုးရ အစည်းဝေးပွဲ၌ သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်