ဘောလခဲ ၂၀ နိုဝင်ဘာ
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းနှင့် အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အခြေခံ ကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ Covid-19ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ကြောင်း ဘောလခဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က အဖွင့်အမှာ စကားပြောကြားပြီး ဘောလခဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဌာနမှအသက်မွေးဝမ်း ကျောင်း အထောက် အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ် ပေးလျက်ရှိကြောင်း၊ သင်တန်းက သင်ကြားပေး သည့်ကွန်ပျူတာ အတတ်ပညာများဖြင့် မိသားစုဝင်ငွေ တိုးပွားအောင် အကျိုးရှိရှိအသုံးချစေ လိုကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေး မောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၊ ဘောလခဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်၊ ဘောလခဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသား သင်တန်းသူ ၂၆ဦးကို သင်တန်းဆရာမ ၂ ဦးမှ ကွန်ပျူတာ ပညာရပ်များအား စာတွေ့လက်တွေ့ဖြင့် ၂၆ ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ


