မတူပီ ၂၀ နိုဝင်ဘာ

 

ချင်းပြည်နယ် မတူပီမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့အဝင်/အထွက်ကျန်းမာရေး စစ်ဆေးရေးဂိတ်များအား မင်းတပ်၊ ဟားခါး၊ ပလက်ဝ သွားလမ်းတို့တွင် ဖွင့်လှစ်ထားရှိဆောင်ရွက်နေမှုအပေါ် ယမန်နေ့ မွန်းလွဲပိုင်းက မတူပီမြို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်မြင့်ကျော်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ သစ်လွင်သိမ်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကွီလိုင်း နှင့် မြို့နယ်လဝက ဦးစီးမှူး ဦးမောင်မောင် တို့သည် ကွင်းဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ကွင်းဆင်းကြည့်ရှုရာ၌ ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းအဖွဲ့ ဆောင်ရွက်လျက်ရှိသော ဖြတ်သန်းသွားလာလျက်ရှိသည့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းယူခြင်း၊ အပြင်ထွက်တိုင်း mask တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်နေမှုအပေါ်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ၊ အခက်အခဲများရှိပါက ပြောကြားကြရန်နှင့် တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်းမှာကြားခဲ့ပြီးနောက် မတူပီမြို့တွင် ထားရှိသော Quarantine Center များသို့ လှည့်လည်ကြည်ရှုခဲ့ပြီး လိုအပ်သည်များဆက်လက် လမ်းညွှန်မှာကြားသွားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)