ပန်နန်းဒင် ၂၀ နို၀င်ဘာ
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို နို၀င်ဘာ ၁၉ ရက် နံနက်(၉)နာရီတွင် ပြသခဲ့ကြောင်း သိရသည်။
ယင်းလက်ကမ်းစာစောင်တွင် ပါ၀င်သည့်အချက်များမှာ "မိမိသည်သတင်းအချက်အလက် ၀န်ပိနေပြီ ဖြစ်ကြောင်း မည်သို့သိနိုင်သနည်း၊ သတင်းအချက်အလက် ၀န်ပိမှုက သင့်ကိုမည်သို့ ထိခိုက်သနည်း၊ ကိုဗစ်-၁၉ ကာလအတွင်း သတင်းအချက်အလက် ၀န်ပိမှုကို စီမံခန့်ခွဲခြင်း၊ သတင်းအချက်အလက် ၀န်ပိခြင်းနှင့် သတင်းအချက်အလက်ရယူနိုင်မှု စသည့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံနှင့် စာစုများပါ၀င်ထည့်သွင်းထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြသထားရှိမှုကို ပြည်သူများစိတ်၀င်စားပြီး လာရောက်ကြည့်ရှု လေ့လာသူများရှိကြောင်း သိရသည်။
နောယော်ဘော်(ပြန်/ဆက်)


