ခိုင်ကမ်း ၂၀ နိုဝင်ဘာ
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း(၅၀၀)ဖြင့် လုပ်ငန်း(၁၇)ခုကို ဆောင်ရွက်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
အဆိုပါလုပ်ငန်းတွင် ခိုင်ကမ်းလမ်းမကြီးကတ္တရာခင်းခြင်းလုပ်ငန်း(၅၂၈၀×၁၈)ပေ၊ ဦးနိုင်းကီး အွမ်အိမ်နားရေပြွန် တည်ဆောက်ခြင်း (၃၀×၃×၃)ပေ၊ ဒေါ်ကျင်အဲ့ဟောင် အိမ်နားရေပြွန် တည် ဆောက်ခြင်း (၁၈×၁၂×၄)ပေ၊ မီးသတ်ရုံးနှင့် လျှပ်စစ်ရုံးသွားလမ်း ကွန်ကရစ်ခင်းခြင်း(၁၃၀၀× ၁၈)ပေ၊ မြို့ပြစီမံကိန်း ဆောင်ရွက်ခြင်းလုပ်ငန်း စသည့် လမ်းတံတားများအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၄၀၁ ၄၀၀ ၀၀၀) ဖြင့်လည်းကောင်း၊ ခိုင်ကမ်းမြို့တိုးချဲ့လမ်းမီးတပ်ဆင်ခြင်းလုပ်ငန်း(80LED) (Cable) ကြိုးအပါ (၁၀၈)လုံး၊ ပန်းခြံအတွင်းအသုံးပြုရန် ဒန်းနှင့် အခြားဆက်စပ်ပစ္စည်းများ ဝယ်ယူ တပ်ဆင်ခြင်း၊ မြို့တွင်းလမ်းများ လမ်းအမည်ဆိုင်းဘုတ်တပ်ဆင်ခြင်း (၅၀)လုံး၊ တောမီးကြောင့် ပျက်ဆီးသွားသည့် တွီဆွတ်ရေပိုက်ပြုပြင်ခြင်းလုပ်ငန်း (၃'' HDPE Pipe) ပေ(၅၁၅၀)၊ စည်ပင် သာယာရေးဈေး ဆိုင် ခန်းမအတွင်း မီးလိုင်းတပ်ဆင်ခြင်းလုပ်ငန်း(ဓာတ်တိုင်အပါ) စသည့် တည်ဆောက်ရေး လုပ်ငန်းများ အတွက် ခွင့်ပြုရန်ပုံငွေကျပ်(၈၂၅ ၀၀၀ ၀၀)၊ မီးစက်(၁) လုံး ဝယ်ယူခြင်း (ဓာတ်ဆီအင်ဂျင်)၊ Laptop Computer (၁) လုံးဝယူခြင်း၊ Air Con ဝယ်ယူတပ်ဆင်ခြင်း (၂)လုံး စသည့် စက်ကိရိယာများအတွက် ခွင့်ပြုရန်ပုံငွေ စုစုပေါင်း(၄၅၀ ၀၀၀ ၀)၊ Steel Cabinet၊ WIP ဆက်တီဝယ်ယူခြင်း၊ ဆက်တီထိုင်ခုံ (၁)စုံ ဝယ်ယူခြင်း စသည့် ပရိဘောဂများ အတွက် ခွင့်ပြုရန်ပုံငွေကျပ်(၁၀၆ ၀၀၀ ၀၀)၊ နှင့် လုပ်ငန်းသုံးမော်တော်ဆိုင်ကယ် (၁)စီး (KENBO-125)အတွက် ခွင့်ပြုရန်ပုံငွေကျပ်(၁၀၀၀ ၀၀၀) တို့ကို အသုံးပြုသွားမည်ဖြစ်ပြီးကြောင်း ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးယောအောင် ထံမှ သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)


