ရေကြည် ၂၀ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကွင်းလျှားကျေးရွာအုပ်စု ဘုရားကုန်းပိုင်း ကျေးရွာ၌ ငဝန်မြစ်ကမ်းပါးပြိုကျသဖြင့် နေအိမ်(၃)လုံး ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။
“ငဝန်မြစ်ကမ်းပါးပြိုကျမှုသည် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းခန့်ကတစ်ကြိမ် ညဘက်တွင် အလျားပေ ၁၀ဝ ခန့်ကွဲအက်ကြောင်း အနံ ၄ လက်မခန့် အကျယ် နေအိမ်အောက်အထိ အက်ကြောင်း ထိုးလာပြီး ယနေ့နံနက် ၁၁ နာရီခန့်တွင် တစ်ကြိမ် မြစ်ကမ်းပါး ဆက်လက်ပြိုကျနေ သဖြင့် မြစ်ကမ်းဘေးတွင် နေထိုင်သည့် ဦးမြအေး၏ နေအိမ်သုံးပင်နှစ်ခန်း ဝါးကြမ်းခင်း ဓနိမိုး ဝါးတိုင်နေ အိမ်တစ်လုံး၊ ဦးချစ်ထွန်း၏ သစ်သားအိမ် ပျဉ်ခင်း၊ ဓနိမိုး၊ ထရံကာ သုံးပင်နှစ်ခန်း နေအိမ် တစ်လုံး၊ ဒေါ်အုန်းမြ၏ သစ်သားအိမ် သစ်သားတိုင် ကြမ်းခင်း၊ ဓနိမိုး၊ထရံကာ နေအိမ်တစ်လုံး စုစုပေါင်း လူနေအိမ် သုံးလုံး ယနေ့ညနေပိုင်း၌ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။
နေအိမ်များ ပြောင်းရွေ့နေထိုင်ရန် ကျေးရွာတာဝန်ခံနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကွင်းလျှားကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချိုဦးက ပြောသည်။
ဆန်းတင့် (ရေကြည်)


