ခန္တီး ၂၀ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကောင်းဟိန်ကျေးရွာ တိုက်နယ် ၁၆ ခုတင်ဆံ့ ဆေးရုံနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံတိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဆိုလာအစုံ ၃၀ ကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆိုလာများထောက်ပံ့ပေးအပ်ခြင်းကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် ခန္တီးမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော် တို့က ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန်းမြတ်မြတ်မွှေးထံ ပေးအပ်ခဲ့သည်။
အဆိုပါ ဆိုလာ အစုံ ၃၀ ကို ခန္တီးမြို့နယ် ကောင်းဟိန်ကျေးရွာ တိုက်နယ် ၁၆ ခုတင်ဆံ့ ဆေးရုံအတွက် ဆိုလာ ၁၀ စုံ၊ ကောင်းဟိန်၊ ဆင်သေ၊ ပါရိုး ကျေးလက်ကျန်းမာရေးဌာနခွဲ အတွက်နှစ်စုံစီနှင့်ပါဆောင်၊ ကျောက်ရွက်၊ ခမောင်း၊ ပင်လုံ၊ လိုက်ခေါ်၊ စောင်လင်၊ အရှေ့ကောက်တောင်း၊ မင်းဆင်၊ ဟိန်စွန်း၊ မှန်ပင်၊ စိန်နန်း၊ ပဒူးမုန်း၊ ဖိုင်လင်၊ လင်းဖား ကျေးလက်ကျန်းမာရေးဌာနခွဲများကို ဆိုလာတစ်စုံစီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)


